Bob Biswas (2021) မြန်မာစာတန်းထိုး

 


အခုတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် Bob Biswas လို့အမည်ရတဲ့ crime thriller ရုပ်ရှင်အမျိုးအစားလေးကို တင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးကတော့ 2012 ခုနစ်မှာ ရိုက်ကူးခဲ့တဲ့ Kahaani အမည်ရတဲ့မှုခင်းရုပ်ရှင်ရဲ့ Spin-off အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ကမှ ပူပူနွေးနွေး ထွက်ရှိထားတာ ဖြစ်ပါတယ်

ဒါ့အပြင် ရုပ်ရှင်နာမည်က Bob Biswas ဆိုတဲ့အတိုင်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘော့နေရာမှာသရုပ်ဆောင်ထားသူကတော့ အားလုံးချစ်ကြတဲ့ နာမည်ကျော်မင်းသား အမီတာဘချန်းရဲ့ သားဖြစ်သူအာဘီရှက်ခ်ဘချန်းက သရုပ်ဆောင်ထားမလို့ တစ်မူထူးခြားတဲ့ သရုပ်ဆောင်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေးကို မတိုမရှည်နဲ့ စလိုက်ကြရအောင်ယခင် 2012 က ထွက်ရှိထားတဲ့ Kahanni ရုပ်ရှင်ထဲမှာ ကားတိုက်ခံလိုက်ရတဲ့ ဘော့တစ်ယောက်ယခုထွက်ရှိလာတဲ့ Bob Biswas ရုပ်ရှင်ထဲမှာတော့ ၈ နှစ်ကြာ ကိုမာဝင်နေရာကနေ ပြန်လည်နိုးထလာခဲ့ပါပြီကိုမာကနေ ပြန်လည်နိုးထလာခဲ့ပေမဲ့ ဘော့ဟာ သူ့ရဲ့ ဇနီးမယ်ရီနဲ့သားသမီးတွေကိုတောင်မမှတ်မိဘဲ လုပ်ကြံသူဖြစ်တဲ့ သူရဲ့ဘဝကိုတောင် အတိတ်မေ့နေခဲ့ပါတယ်ဘော့ရဲ့ အလုပ်ရှင် အုစတက်ဒ်ကတော့ ဘော့ သတိရပြီး နေပြန်ကောင်းလာတာနဲ့ ထုံးစံအတိုင်းပဲခေါက်ဖုန်းတစ်လုံးပေး လုပ်ကြံရမဲ့သူရဲ့ ဓာတ်ပုံကို ပို့ပေးပြီး လုပ်ကြံခိုင်းပါတော့တယ်အဲ့လိုနဲ့ပဲ ဇနီးသားမယား အလုပ် ရှိသမျှ အလုပ်အကုန်လုံးကို မေ့နေတဲ့ ဘော့ကဘူမသိကိုးမသိနဲ့ လုပ်ကြံခိုင်းတဲ့သူကို စပြီး လုပ်ကြံသတ်ဖြတ်ပါတော့တယ်တစ်ဖက်မှာလည်း ဇနီးဖြစ်သူ မယ်ရီရဲ့ အရင်အိမ်ထောင်ပါ သမီးဖြစ်သူ မီနီဟာလည်းဘော့တို့ သူဌေးထုတ်လုပ်တဲ့ BLUE လို့အမည်ရတဲ့ မူးယစ်ဆေးကို စွဲလမ်းနေခဲ့ပါတယ်BLUE ဆိုတာဘာလဲ စာမေးပွဲဖြေခါနီး ကျောင်းသားတွေကို ညလုံးပေါက်အိပ်မငိုက်ဘဲ တက်ကြွစေနိုင်တဲ့ မြင်းဆေးတစ်မျိုးပေါ့ဆေးကျောင်းတက်ခွင့်ရဖို့စိတ်ဓာတ်ပြင်းပြနေတဲ့ မီနီတစ်ယောက်အတွက်တော့BLUE ဟာ လက်စွဲဖြစ်လာပါတော့တယ်တစ်နေ့တော့ ကျောင်းသားတစ်ယောက် BLUE ဆေးပြားကိုအလွန်အကြူးသုံးပြီး သေဆုံးရာကနေ ဆေးပြားတွေ အကြောင်း အမှု စုံစမ်းဖို့ဖြစ်လာတဲ့အခါ……ဘော့ရဲ့သူဌေးဖြစ်သူ အုစတက်ဒ်နဲ့ဘယ်လိုတွေ ပတ်သက်လာမလဲ…..အတိတ်မေ့နေတဲ့ ဘော့ရော မှတ်ဉာဏ်တွေ ပြန်ရလာမှာလား…..ဆေးစွဲနေတဲ့ မီနီရော ဘာဆက်ဖြစ်မလဲဆိုတာ Thriller တို့ရဲ့ ထုံးစံအတိုင်းရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်


Download Link 720P

Download Link 1080P



0 Comments